1 2 3 4 5

Donation

လူမှုစီးပွါးရေးအကျိုးပြုရေးလုပ်ငန်းများ (CSR)ဆောင်ရွက်မှု

အေးငြိမ်းသီတာဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသည် ၂၈.၁၀.၂၀၁၄တွင် UNGC အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၁၂.၁၁.၂၀၁၄ တွင်နေပြည်တော်သို့ ရောက်ရှိလာသော  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံတော်သမ္မတအကြံပေးဒေါက်တာအောင်ထွန်းသက်တို့ပါဝင်သည့် အစည်းအဝေးပွဲမှ ဩဝါဒ လမ်းညွှန် ပေးခဲ့သော လူမှုအကျိုးစီးပွါး ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ် ခံယူခဲ့ပြီး စတင်လုပ်ဆောင်နေပါသည်။
စက်ရုံပတ်ဝန်းကျင်အနီးအနားတွင်ရှိသော ဘုရားကြီးများ၏ဓမ္မာရုံများတွင်အလှူငွေလှူဒါန်းခြင်း ဘုန်းတော်ကြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခဲ့ပြီး မုဒ်ဦးနှင့်တံတိုင်းများ လှူဒါန်းခြင်း ဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်များ လှူဒါန်းခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါသည်။သီလရှင်စာသင်တိုက်များတွင်လည်း အဟာရလှူဒါန်းခြင်း၊ ငွေကြေးလှူဒါန်းခြင်း၊ မီးစက်လှူဒါန်းခြင်းများကိုလုပ်ဆောင်ပေးခဲ့ပါသည်။

စက်ရုံအနီးရှိ  ဘိုးဘွားရိပ်သာတွင်လည်း ဘိုးဘွားများအတွက်အစားအစာ အဟာရနှင့် ဆေးဝါးလှူဒါန်းခြင်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပါသည်။စက်မှုဇုန်အတွင်းရှိ မူလတန်းကျောင်းနှင့် မြို့ပေါ်ရှိအမက၊အထက ကျောင်းများ ကိုလည်း ငွေကြေးလှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့ပြီး မုံရွာမြို့ပြည်သူ့ဆေးရုံတွင်လည်း ငွေကျပ်(သိန်း၂၀)၊ မုံရွာတိုင်းရင်းဆေးရုံတွင်ငွေကျပ်(၁၀သိန်း)စုစုပေါင်း ငွေကျပ်(၂၅၀သိန်း)ထောက်ပံ့လှူဒါန်းခြင်းများလုပ်ဆောင်ပေးခဲ့ပါသည်။ ယခင်နှစ်များကလည်း နှစ်စဉ် လှူဒါန်းခဲ့ပါသည်။အေးငြိမ်းသီတာဆေးဝါးများကို ဖြန့်ဖြူးရောင်းချပေးနေသော အရောင်းကိုယ်စားလှယ်ကြီးများအတွက်လည်း ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၃၁သိန်း၊ ၂၀၀၉-၂၀၁၀ တွင် (၃၅သိန်း)၊ ၂၀၁၀-၂၀၁၁တွင်(၃၅သိန်း၅သောင်း)၊ ၂၀၁၁-၂၀၁၂တွင် (၃၈သိန်း)၊ ၂၀၁၂-၂၀၁၃တွင် (၃၆သိန်း)၊ ၂၀၁၃-၂၀၁၄တွင် (၄၀သိန်း)၊ စသည့်ဖြင့် နှစ်စဉ်အလိုက် ဆုကြေးငွေ ချီးမြှင့်ခြင်းများပြုလုပ်ပေးခဲ့ပါသည်။

နှစ်စဉ် အေးငြိမ်းသီတာ လုပ်ငန်းပိုင်ရှင်ဖြစ်သော ဦးတင်မောင်ကြည် ၏မွေးနေ့ရောက်တိုင်း အလုပ်သမားဝန်ထမ်း များအား အဝတ်အထည်ပေးအပ်ခြင်း ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။
၂၀၁၂ ခုနှစ်စ၍ စက်ရုံပိုင်ရှင်မှ ကမကထပြုလုပ်ပြီး ဝန်ထမ်းများပါဝင်သော ကထိန်ပွဲကို ပြုလုပ်ပေးခဲ့ပြီး ကထိန်ပွဲအပြီး ဝန်ထမ်းများအား အလည်အပတ်ပို့ဆောင်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။နှစ်ကုန်၍ နှစ်သစ်ကူးတွင်လည်း ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ပါသည်။ မုံရွာမြို့စက်မှုဇုန်ကုသိုလ်ဖြစ် ဆေးခန်းတွင် လည်းရာသက်ပန် ပဒေသာပင် ၁သိန်းကိုလှူဒါန်းခဲ့ပြီး လစဉ်ကြေးတစ်လလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လမှ စတင်၍ လှူဒါန်းခဲ့ရာတွင် ၂၀၁၄ နိုင်ဝင်ဘာလတွင် ငွေကျပ်စုစုပေါင်း ၁၃သိန်းတိတိ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတော်အတွက် အခွန်ငွေထမ်းဆောင်ရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်ကျပ် ၄၉၀၃၁၄၃ နှင့် ကုန်သွယ်ခွန်ကျပ် ၉၆၀၂၈၄ စုစုပေါင်းအခွန်ငွေကျပ် ၅၈၆၃၄၂၇ ကိုလည်းကောင်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်ကျပ် ၄၀၅၅၈၈၁ နှင့် ကုန်သွယ်ခွန်ကျပ် ၁၃၄၅၆၃၂ စုစုပေါင်းအခွန်ငွေကျပ် ၅၄၀၁၅၁၃ ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။

Occupational Health and Safety Assurance System OHSAS

(ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု)

ဝန်ထမ်းများကျန်းမာရေး စောင့်ရှောက်မှုအဖြစ် မကျန်းမာသောဝန်ထမ်းများ အတွက် ငွေကြေးထောက်ပံ့ခြင်း ဝန်ထမ်းများ ထံမှသာရေး၊နာရေး ရံပုံငွေထားရှိ၍ ငွေကြေးအကူအညီပေးခြင်းများ လုပ်ဆောင်ပေးခြင်း ကိုယ်ဝန်ဆောင် ဝန်ထမ်းအမျိုးသမီးများအတွက် မီးမဖွားမှီ ၄၅ရက် နှင့်မီးဖွားပြီး ၄၅ရက်အတွက် နားရက်ပေးပြီး ၎င်းရက်များအတွက် ငွေကြေးအပြည့်အဝ ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ လူမှုဖူလုံရေး အဖွဲ့အစည်းတွင်လည်း ပိုင်ရှင်မှ ဝန်ထမ်းများအတွက် တစ်လဝင်ငွေ၏ ၄ပုံ၃ပုံ ထည့်ဝင်ပြီး ဝန်ထမ်းများမှ ၄ပုံ၁ပုံ ထည့်ဝင်ရပါသည်။ လူမှုဖူလုံရေးဌာနမှ စက်ရုံသို့ ၃လတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကိုပေးပြီး အရေးပေါ်ထိခိုက်ရှနာများအတွက် စက်ရုံတွင်ဆေးခန်းဖွင့်လှစ်စောင့်ရှောက်ပေးပါသည်။ စက်မှုဇုန်အတွင်းရှိ ကုသိုလ်ဖြစ်ဆေးခန်းတွင်လည်းရာသက်ပန် ပဒေသာပင် ထည့်ဝင်ပြီးလစဉ်လှူဒါန်းငွေ ၂၅၀၀၀ကျပ် ၄နှစ်လှူဒါန်းခဲ့ရာဝန်ထမ်းများနှင့် ဝန်ထမ်းများ၏မိသားစု အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနေပါသည်။ သာမန်ဖျားနာရောဂါ အတွက် စက်ရုံအတွင်း ကြက်ခြေနီ ဆေးပုံးထားရှိကာ လိုအပ်သော ဆေးဝါးများကိုလည်း ပြည့်စုံအောင်ဖြည့်တင်းထားပါသည်။စက်ရုံပိုင်ရှင်၏ မိသားစုဝင်ဖြစ်သော သမားတော်ကြီး ဒေါက်တာအောင်ဝင်းနှင့် ဒေါက်တာဇာခြည်ဝင်းတို့ကလည်း အခါအားလျော်စွာ အရေးပေါ်ကျန်းမာရေးကို တာဝန်ယူ ကုသပေးလျက်ရှိပါသည်။ထို့ကြောင့်ဝန်ထမ်းများ၏ ကျန်းမာရေး ကဏ္ဍတွင် ပူပင်နေရသော အနေအထား မရှိပါ။
အလုပ်သမားများနေ့လည်နေ့ခင်း ထမင်းစားနားနေချိန်တွင် စိတ်ပင်ပန်းမှုများ ပြေပျောက်စေရန်ရည်ရွယ်၍ တီဗွီကို Skynet လိုင်းတပ်ဆင်ပေးထားပြီး မိမိတို့ကြိုက်နှစ်သက်ရာကဏ္ဍကို ကြည့်ရှုနိုင်စေရန် စီမံပေးထားပါသည်။ အေးငြိမ်းသီတာကိုယ်ပိုင်စာကြည့်တိုက်ဖွင့်လှစ်ပေးထားပြီး ဆေးဝါး၊ကျန်းမာရေး၊အားကစား၊ အခြား ဗဟုသုတ ရရှိစေမည့် စာအုပ်၊စာစောင်များအလွယ်တကူငှားယူလေ့လာနိုင်ပါသည်။မီးဘေးကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးလိပ်ကြိုက်နှစ် သက်သော ဝန်းထမ်းများအတွက် ဆေးလိပ်သောက်မည့်နေရာ သတ်မှတ်၍ ဆေးလိပ်သောက် သုံးစေပါသည်။ ညနေအလုပ်သိမ်းချိန် တွင်လည်း ရေချိုးသန့်စင်စေရန် ရေချိုးခန်း၊ အဝတ်လဲခန်းများ ထားရှိပေးထားပါသည်။

Social Enterprise

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအား ကျန်းမာရေးအသိပညာပေးရန်နှင့် ဆေးပင်များ အကြောင်း နားလည်စေရန်ရည်ရွယ်၍ အသုံးဝင်ဆေးပင်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းလက်စွဲစာအုပ်(၅၀၀၀) (ငွေကျပ် ၄၂.၅သိန်း) ဘိုး အခမဲ့ပေးဝေလှူဒါန်းခဲ့ပါသည်။
ထို့အပြင် ပတ္တမြား အက်ဖ်အမ် ရေဒီယို၏ အစာလည်းဆေးဆေးလည်းအစာသိကောင်းစရာအစီစဉ်ပိုင်းတွင်ကုန်ကျစရိတ်ကျခံ၍ စုစုပေါင်း(၁၇ကြိမ်) တာဝန်ယူထုတ်လွှင့် ပေးခဲ့ပါသည်။