Environmental Management System (14001:2004)
စက်ရုံတွင်တည်ဆဲဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ပြီးပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု မရှိစေရန်အတွက် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံတည်နေရာသည်စက်မှုဇုန်နယ်မြေအတွင်း တွင်ရှိရာ အနီးပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများ မရှိသည့် အတွက် ရေဝင်ခြင်း၊ရေဝပ်ခြင်း၊ ရွံ့ဗွက်များ၊ တိရိစ္ဆာန်အညစ် အကြေးများ၊အမှိုက်ပုံများမှအနံ့ဆိုးများ ထွက်သည့်နေရာများ မရှိပါ။ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ၂ပေအကျယ် ၃ပေအနက်ရေမြောင်းတူးထားသောကြောင့် ပတ်ဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်ထားပါသည်။ စက်ရုံလုပ်ငန်းခွင်မှ Waste Product စွန့်ပစ်ပစ္စည်းအဖြစ် အနည်းငယ်သာ ထွက်ရှိရာ ၎င်းတို့ကိုလည်း စက်ရုံသုံးကားဖြင့် စည်ပင်သာယာမှ သတ်မှတ်သည့် နေရာသို့ သယ်ယူပို့ဆောင်စွန့်ပစ်ပါသည်။
စက်ရုံလုပ်ငန်းမှ ထွက်သော စက်ပစ္စည်းများ ဆေးကြောသောရေဆိုးများကိုလည်းစက်ရုံဝင်းအတွင်း တူးထားသော ရေစုတ်ကျင်းများအတွင်းသို့ သွယ်သွင်းဖုံးအုပ်ထားပါသည်။စက်ရုံတွင် Chemical ဓာတ်ပစ္စည်းများ လုံး၀မသုံးသောကြောင့် အန္တရာယ်လုး၀မရှိပါ။ စက်ရုံအဆောက်အဦးများသည် လုံလောက်စွာ ကျယ်ဝန်းပြီး လူဝင်တံခါးများ ၊ပြူတင်းပေါက်များ၊ လေဝင်လေထွက် အပေါက်များလုံaလောက်စွာ ဖောက်ထားရုံမက Exhaust Fan များလုံလောက်စွာ တပ်ဆင် ထားသော ကြောင့် လေဝင်လေထွက်ကောင်းမွန်အောင် စီစဉ်ဆောင်ရွက် ထားပါသည်။
လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ကြသောလုပ်သားများ၏ကျန်းမာရေးကိုမထိခိုက်စေရန် နှာခေါင်းစည်း၊ လက်အိတ် စသည့်အကာအကွယ်ဝတ်စုံများ ဝတ်ဆင်လုပ်ကိုင်စေပါသည်။ စက်ရုံပတ်ဝန်းကျင်စိုပြေရေးအတွက် ပရဆေးဥယျာဉ် တစ်ခု တည်ဆောက်ထားပြီး ၎င်း၏အလယ်တွင် ဂါလံ၁၃၀၀၀ဆန့်သည့် ရေကန်ပြုလုပ်ထားပါသည်။ ၎င်းကန်၏အလယ်တွင် ဝန်ထမ်းများ အပန်းဖြေ စိတ်ကြည်လင်စေရန်အတွက် ရေပန်းအလှများကိုလည်း တပ်ဆင်ထားပါသည်။
စက်ရုံ ဝင်/ထွက်လမ်းတလျှောက်နှင့်စက်ရုံပတ်ဝန်းကျင် အစဉ်အမြဲ သန့်ရှင်းနေစေရန် ဝန်ထမ်းများကအလှည့်ကျ သန့်ရှင်းရေး လုပ်ဆောင်ကြပါသည်။ စက်ရုံဝင်ထွက်လမ်းတဖက် တစ်ချက်တွင် တမာပင်များ စိုက်ပျိုးထားပြီး ထိုတမာပင်များအား ဝန်းရံပတ်၍ ဝန်းထမ်းများနှင့် ခရီးသွားပြည်သူများနားနေနိုင်ရန် ထိုင်ခုံကလေးများကိုစီမံပြုလုပ်ထားပါသည်။ထို့အပြင် အမောပြေ သုံးဆောင်နိုင်ရန်အတွက် ရေသန့်ရေအိုးစင် ကိုလည်း ပြုလုပ်ထားပေးပါသည်။